Saturday 9 February 2013

ံHuman Resource Management (HRM) မိတ်ဆက်

Human Resource Management (HRM ) ရဲ့ အဓိပ္မါယ်

HRM ဆိုသည်မှာ  -  အဖွဲ့အစည်းတခုအတွင်းမှာရှိတဲ့ လူတွေကို P  လေးလုံးဖြစ်တဲ့  သဘောတရားရေးရာ (Philosophy) ၊ မူဝါဒရေးရာ (Policies) ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ (Procedures) နဲ့ အလေ့အကျင့် ဆိုင်ရာ (Practices ) စီမံခန့်ခွဲမှုကို ဆိုလိုပါတယ်။  အရင်တုန်းက ၀န်ထမ်းရေးရာ စီမံခန့်ခွဲမှု  ( Personnel Management) လို့လည်း ခေါ်ပါတယ်။

Human Resource Management is the term increasingly used to refer to the ( philosophy, policies, procedures and practices) related to the management of people within an organization.

Human Resource Management (HRM ) ရဲ့ အစိတ်အပိုင်းများ
HRM တွင် ပါဝင်သည့် အချင်းအရာများမှာ -
(၁) လူ့စွမ်းအား ကြိုတင် လျာထားစီမံခြင်း။  (Human Resource Planning)
(၂) အလုပ် နှင့် တာဝန် သတ်မှတ်ခြင်း၊ သုံးသပ်ခြင်း။ ( Job and Work design & analysis)
(၃) ၀န်ထမ်း နေရာချထားခြင်း။ ( Staffing)
(၄) သင်တန်းပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်း။ (Training and Development)
(၅) လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အကဲဖြတ်သုံးသပ်ခြင်း။ (Performance Appraisal and Review)
(၆) အလျှော်ပေးခြင်း၊ ဆုချခြင်း။ (Compensation and Reward)
(၇) လုပ်သားများအား အကာအကွယ်ပေးမှုနှင့် ကိုယ်စားလှယ် ထားရှိမှု။ (Employee Protection and Representation)
(၈) အဖွဲ့အစည်းအား ဖွံ့ဖြိုးတိုးတက်စေမှု ။  (Organization Improvement)
တို့ပဲ ဖြစ်ပါတယ်။
အဲဒီအဆင့်တွေဟာ တဆင့်ခြင်း သီးခြားစီ ရပ်တည်နေတာ မဟုတ်ဘဲ သူတို့အချင်းချင်းကြားမှာ ပင့်ကူအိမ်သဖွယ် အပြန်အလှန်ဆက်နွယ်ထောက်ကန် ပေးထား (interact & interdependent ) တာ ဖြစ်ပါတယ်။ 


Human Resource Management (HRM )ဘာကြောင့် အရေးပါသလဲ
အဖွဲ့အစည်းတခုမှာ အဓိက မောင်းနှင်အားက HR လို့ခေါ်တဲ့ လူသားအရင်းအမြစ် (သို့မဟုတ်) လူ့စွမ်းအား ပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့  Goal လို့ခေါ်တဲ့ အဓိက ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ရာမှာ စွမ်းအားရှိသော ( Capable ) ၊ တည်ငြိမ်ခိုင်မာသော ( Stable ) ၀န်ထမ်းအင်အား လိုပါတယ်။  အဲဒီလို ၀န်ထမ်းအင်အား တရပ်ရရှိစေရေးအတွက်  Management ကောင်းကောင်း တခုလည်း ရှိရပါမယ်။  အဲဒီလိုမဟုတ်ခဲ့ဘူး ဆိုရင်တော့ ၄င်းအဖွဲ့အစည်းဟာ ဘယ်လိုမှ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ လည်ပတ်နိုင်မှာ  မဟုတ်ဖူးဆိုတာ  သေချာနေပါပြီ။ 

ဒါကြောင့်လည်း နှစ်ပေါင်း ၂၀ အတွင်းမှာ Human Resource Director တွေရဲ့ အရေးပါမှုက ပိုပို ကြီးမားလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

မမိုးပွင့်

Reference:
-  Human Resource Management ( Second Edition),  Windell French, Houghton Mufflin Co., 1990

No comments:

Post a Comment