Monday 25 February 2013

၂၀၁၃-၁၄ အတွက် Japan/World Bank Scholarship -

 ဘွဲ့ရပြီး  master ဆက်တက်လိုတဲ့ အသက် ၄၀ အောက်  လူငယ်များ လျောက်ထား နိုင်ပါတယ်။   ရွေးချယ်မဲ့ field တွေကတော့    တို့ပဲ ဖြစ်ပါတယ်။  အပြည့်အစုံကြည့်ချင်ရင် အောက်က လင့်ခ်ကို သွားကြည့်ပါ။

Deadline က မတ်လ ၃၀ ပါ။
http://web.worldbank.org/WBSITE/EXTERNAL/WBI/EXTWBISFP/EXTJJWBGSP/0,,contentMDK:20287115~menuPK:562877~pagePK:64168445~piPK:64168309~theSitePK:551644,00.html


------------------------------------------------------
Attention!
The call for applications for the 2013 selection is now open. The PDF forms can be filled out electronically.
In the meantime, you may review:
BenefitsBenefits
Application GuidelinesApplication Guidelines
Preferred Universities in 2010-2011Preferred Universities in 2013-2014 
How to ApplyHow to Apply
Eligibility

To apply for a JJ/WBGSP scholarship under the Regular Program, an applicant must:

  • Be a national of a World Bank member country eligible to borrow.
  • Be born after March 31, 1973.
  • Have, by March 31, 2013, at least 2, preferably 4 to 5, years of recent full time professional experience acquired after a university degree, in the applicant’s home country or in another developing country.
  • Hold a bachelor's degree or its equivalent.
  • Be in good health.
  • Be of good character.
  • Not be a permanent resident or a national of any industrialized country.
  • Not be residing in an industrialized country for more than one year at the time of application.
  • Not be an Executive Director, his/her alternate, staff of the World Bank Group (the World Bank, International Finance Corporation, International Development Association, Multilateral Investment Guarantee Agency, and International Center for Settlement of Investment Disputes), consultant, or relative of the aforementioned.

Robert S. McNamara Fellowships Program လျှောက်မလား


PhD စာတမ်းအတွက် ဒေါ်လာ ၂၅၀၀၀ အထိပေးမဲ့ ဂျပန် fellowship programme ပါ။  ကန့်သတ်ချက်တော့ ရှိပါတယ်။   အသက် ၄၅နှစ်အောက် Lecturer/Researcher   တွေပဲ လျှောက်လို့ရပါတယ်။ coursework ဒါမှမဟုတ်  စာမေးပွဲ ဖြေပြီးသား ဖြစ်နေပြီး  သုတေသန စာတမ်းပြုဖို့ အသင့်ဖြစ်နေရပါမယ်။

2013  အတွက် လျှောက်လွှာပိတ်ရက်က ဧပြီ ၃၀ ပါ။

လင့်ခ်ကတော့ ......
 http://web.worldbank.org/WBSITE/EXTERNAL/WBI/EXTWBISFP/EXTRSMFP/0,,contentMDK:21588578~menuPK:552352~pagePK:64168445~piPK:64168309~theSitePK:551843,00.html
ဖြစ်ပါတယ်။

----------------------
The Robert S. McNamara Fellowships Program provides support to young researchers working in academic and research institutions from eligible countries preparing a doctoral thesis. Research grants cover residence costs for a 5 to 10 month period in a renowned university or research center. Fellows are expected to advance their research work mainly by using the facilities and resources provided by the host institution and by interacting with peers.
Who Can Apply?
Only lecturers and researchers from eligible countries working on their doctoral thesis can apply for the fellowship. Candidates should be under 45 years, and have completed any course work or exams required for their doctoral program.

ဝန်ထမ်း အကဲဖြတ်ရာမှာ Halo & Horn Effect က အရေးကြီးသလား။

 Halo effect နဲ့ Horn effect ဆိုတဲ့ ဝေါဟာရ တွေကို အနာဂတ် သို့မဟုတ် လက်ရှိ ၀န်ထမ်းတယောက်ရဲ့ အရည်အသွေး သတ်မှတ်မှာ အဓိက မြင်တွေ့နိုင်ပါတယ်..။

Halo effect  vs. Horn effect

လူတယောက်ရဲ့ ရုပ်သွင်၊ အပြောအဆို၊ အမူအယာ၊ သို့မဟုတ် အမူအကျင့် တခုအပေါ်မှာ  (မသိစိတ်နဲ့) တခုခု ပုံသေ ကောက်ချက်ချလိုက်တာမျိုးပါ။   အင်တာဗျူးတွေမှာဆို first impression လို့လည်း ပြောလို့ရပါတယ်။ ဥပမာ-   လမ်းမှာ ကိုယ်မသိတဲ့ လူတယောက်က  ပြုံးပြုံးရွှင်ရွှင်နဲ့  ” ဒီနေ့ သာယာတဲ့ နေ့ကလေးတနေ့ပဲနော်” လို့ ကိုယ့်ကို နှုတ်ဆက်ခဲ့တယ် ဆိုပါတော့။  မမျှော်လင့်ဘဲ သူ့ကို အင်တာဗျူးခန်းမှာ ပြန်ဆုံဖြစ်ခဲ့ရင် သင်က သူ့ကို အကောင်းမြင်တတ်သူတယောက် ဆက်ဆံရေး   ပြေပြစ်သူ တေယောက်လို့ သေချာပေါက် သတ်မှတ်ပြီး အမှတ်ကောင်းကောင်းပေးပြီးသား   ဖြစ်နေပြီ။  လေ့လာမှုတခုအရ ၀န်ထမ်းခန့်ထားရေး အင်တာဗျူးတဲ့အခါမှာ ပထမဆုံး သုံးမိနစ်အတွင်း ခန့်မခန့်ဆိုတဲ့အချက်ကို ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ လို့ ဆိုပါတယ်။ တခါတရံ မှာလည်း   အောင်လက်မှတ်တွေ  တသီကြီးပြနိုင်တဲ့သူတွေကို အင်တာဗျူးပုဂ္ဂိုလ်တွေက အရှိထက်ပိုပြီး အထင်ကြီး မိတတ်ကြပါတယ်။

လုပ်ငန်းခွင်မှာလည်း မန်နေဂျာအနေနဲ့  အများဆုံး သဘောတူလေ့ရှိတဲ့  (ဥပမာ-ကိုယ်တခုခု ပြောတိုင်း ခေါင်းတငြိမ့်ငြိမ့်  အမူအယာ ပြုတတ်တဲ့) ၀န်ထမ်းတွေကို ပိုပြီး နှစ်လို သဘောကျ အမှတ်ပေးမိတတ်ပါတယ်။ တခါတရံလည်း သိပ်ပြီး ဥာဏ်ပြေးတဲ့ ၀န်ထမ်းတွေကို ပိုပိုကဲကဲ အထင်ကြီးတတ်ပြီး တခြား လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တဲ့ ပူးပေါင်းလုပ်ဆောင်မှု၊ ရိုင်းပင်းကူညီမှု၊ သတင်းအချက်အလက် ပေးပို့တတ်မှု၊ သစ္စာရှိမှု စတာတွေကို သုံးသပ်ဖို့ မေ့လျော့ နေတတ်ကြပါတယ်။

Horn effect ကတော့ Halo effect ရဲ့ ဆန့်ကျင်ဖက် ဖြစ်ပါတယ်။ ဥပမာ- စကားနှေးနှေး ပြောတတ်တဲ့ ၀န်ထမ်းကို ဥာဏ်သိပ်မပြေးဘူးလို့ သတ်မှတ်မယ်ဆိုပါစို့၊  အလုပ်ပိနေလို့ အစီရင်ခံစာ အချိန်မီ မတင်နိုင်တဲ့ ၀န်ထမ်းကို “ အလုပ် ပျင်းတယ်၊ အလုပ်ကို စိတ်ဝင်စားမှုနည်းတယ်” လို့ တခါတည်း ဆုံးဖြတ်မိမယ် ဆိုပါစို့။  နက်နက်ရှိုင်းရှိုင်းမလေ့လာဘဲ အပေါ်ယံလောက်နဲ့ မကောင်းမြင်မိတာမျိုးဟာ  Horn effect သို့မဟုတ် Devil effect ၀င်နေတဲ့သဘောပါ။

Halo effect နဲ့ Horn effectက  “အတွင်းစိတ်ဘက်လိုက်မှု” (cognitive bias ) ကို ဖြစ်စေတဲ့အတွက် မန်နေဂျာများ၊  HR ၀န်ထမ်းများအနေနှင့် အထူးသတိထားရန် လိုပါတယ်။  

Halo effect နဲ့ Horn effect တွေကို စာသင်ခန်း၊ အလုပ်ခန်းတွေမှာသာမက  တရားရုံးတွေမှာတောင်   တွေ့နိုင်တယ် လို့ ဆိုပါတယ်။ ဥပမာ - တရားသူကြီးတွေက ခိုးမှုခြင်း အတူတူ ရုပ်ရည် သန့်ပြန့် တဲ့သူကို   အပေအတေရုပ်နဲ့လူထက် အပြစ်ပေးတာ လျော့ပေါ့ မိတတ်ပါတယ် တဲ့။  ဒါပေမဲ့ လိမ်လည်မှုမျိုးမှာတော့ ရုပ်ရည်လှပပြေပြစ်တဲ့ အမျိုးသမီးတွေက  ရုပ်မလှသူတွေထက် အပြစ်ပိုပေး တတ်ပါသတဲ့။  ဘာကြောင့်လဲဆိုတော့ သူမရဲ့ ရုပ်ရည်ကို အသုံးချပြီး တဖက်သားကို လိမ်ညာ လှည့်စားခဲ့တယ်လို့ တထစ်ချ သတ်မှတ်လိုက်လို့ပါဘဲ..။

ဝန်ထမ်းရွေးချယ်ခြင်း (သို့မဟုတ်) မိမိ ၀န်ထမ်းကို အရည်အချင်းသုံးသပ်အကဲဖြတ် ရာမှာလည်း ဒီ effect တွေကို နည်းနိုင်သမျှနည်းစေဖို့ အတွက် သတ်မှတ်ထားတဲ့ ( performance indicator ) အားလုံးနဲ့ တိုင်ဆိုင် စစ်ဆေးရပါမယ်။ အဲဒီနောက် သတ်မှတ်ထားတဲ့ အမှတ်ပေးပုံစံအတိုင်း အဆင့် (သို့မဟုတ်) အမှတ်ကို တခုချင်း သတ်မှတ်ကာ နောက်ဆုံးအဖြေကို   လက်တွေ့ကျကျ ခြုံငုံသုံးသပ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။


 
မမိုးပွင့်

Ref:
http://www.joshuakennon.com/mental-model-horns-effect-and-halo-effect/
http://www.allthingsworkplace.com/2010/03/dont-let-halos-and-horns-blur-your-expectations.html
http://en.wikipedia.org/wiki/Halo_effect

Friday 22 February 2013

Time Management: အချိန်ကို စီမံ ခန့်ခွဲခြင်း

Scenario One

ဦးမြမောင် တယောက် အဲကွန်းခန်းထဲများ ချွေးစေးများပြန်နေသည်။  ယနေ့ မဖြစ်မနေ အပြီးသတ်ရမည့် အစီရင်ခံစာ အလုပ်ကြွေး သုံးခုရှိနေသည်။  နောက်နာရီဝက်အတွင်းမှာ အစည်းအဝေးတခု တက်ရန်ရှိနေသည်။ ဖတ်ရမည့်အီးမေးလ်များက အစောင်ရေ ငါးဆယ်ထက် မနည်း။  ဘာကို စလုပ်ရမည်နည်း။ ဝေခွဲမရဘဲ အကြံအိုက် နေစဉ်မှာပင် စားပွဲပေါ်မှ တယ်လီဖုံးက ထမြည်လာသည်။ “ ငါပဲသေလိုက်ပါတော့ကွာ“ ဟု ညည်းတွားပြီး တယ်လီဖုံးကို ကောက်ကိုင်လိုက်လေသည်။ ”  ဗျာ - ထုတ်ကုန်အသစ် ပြချင်လို့ ဟုတ်လား၊ ဒီနှစ်ရက်သုံးရက်တော့ အားဦးမှာမဟုတ်ဘူး ခင်ဗျာ၊  အဆင်ပြေတဲ့အချိန် ပြန်ဆက်လိုက်ပါ့မယ်နော်”  ။ ဖုန်းကို ချလိုက်ပြီးနောက် ခေါင်းထဲက တစစ်စစ်ကိုက်  လာသလို ခံစားနေရလေသည်။

*************
 " တနေ့တနေ့ အလုပ်တွေသာ ပုံပုံလာတယ်။ ပြီးတယ်လို့ကို မရှိဘူး။ ဘယ်လိုဘဲလုပ်လုပ် အချိန်က မလောက်ဘူး”  ဆိုသည့် ညည်းတွားသံများက ရုံးသူရုံးသားတော်တော်များများ၏  မရိုးနိုင်သော လက်သုံးစကား ဖြစ်နေတတ်သည်။  ပိုပိုသာသာဆိုရပါလျှင် ရုံးတိုင်းရုံးတိုင်းမှာပင် ကြားရကောင်း ကြားရဘွယ် ရှိပါသည်။

ဆင်းရဲချမ်းသာ အဖြူအညိုအ၀ါ မရွေးဘဲ မည်သူမဆို မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ အညီအမျှ ပိုင်ဆိုင်သည်မှာ တနေ့လျှင် ၂၄နာရီဆိုသော အချိန် ပင်ဖြစ်သည်။  သို့ရာတွင် တဦးချင်းစီက မိမိအချိန်အပေါ် သတ်မှတ်သည့် တန်ဖိုးနှင့် အသုံးချပုံစံနစ်တို့သာ  ကွာခြားပါသည်။


ပုံကို ဒီက ယူပါတယ်။

သင့်အချိန်ကို ဘယ်လိုစီမံခန့်ခွဲမှု (time management) ထားရှိသလဲ ဆိုသည့်အချက်က သင့်တကိုယ်ရေဘ၀ကိုရော သင့် လုပ်ငန်းခွင်ဘ၀ကိုပါ အကြီးအကျယ် သက်ရောက်မှု ရှိပါသည်။ အချိန် စီမံခန့်ခွဲခြင်းဆိုသည်မှာ မိမိပိုင်ဆိုင်သော အချိန်များကို ရည်ရွယ်ချက်ရောက်အောင် အကျိုးရှိရှိအသုံးချရန် ကြိုးပမ်းအားထုတ်ခြင်းဟု ဆိုပါသည်။ သည်လိုဆိုလျှင် အချိန်ကို အကျိုးရှိအောင် ဘယ်လို စီမံခန့်ခွဲမလဲဟု မေးစရာ ရှိပါသည်။ နည်းလမ်းအသွယ်သွယ်၊ ဖွင့်ဆိုချက်အမျိုးမျိုးအနက်မှ အချို့ကို ကောက်နုတ်တင်ပြလိုပါသည်။

Thursday 21 February 2013

၂၀၁၄ ခုနှစ်အတွက် ADB-Japan Scholarship Programme

၂၀၁၄ခုနှစ်အတွက် ADB-Japan scholarship ပါ။ သတ်မှတ်ထားတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ ၄၀ထဲမှာ မြန်မာ ပါဝင်နေပါတယ်။  ဒီ scholarship ဟာ အရင်က မြန်မာတော်တော်များများသွားခဲ့ဖူးပါတယ်။  အသက်အကန့်အသတ်က  ၃၅နှစ်ဆိုပေမဲ့ လုပ်ငန်းခွင်ထဲက အထက်တန်းအရာရှိများအတွက် ၄၅နှစ်အထိ စဉ်းစားပေးမှာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်ထဲက အသက်လတ် ပုဂ္ဂိုလ်များလည်း လျှောက်ထားနိုင်ပါတယ်။ ဘယ်နှစ်နေရာခေါ်မလဲ ဆိုတာတော့ အတိအကျ ပြောမထားပါဘူး။ application deadline ပေးမထားပေမဲ့  ပေးထားတဲ့   ကျောင်းတွေထဲက တကျောင်းကျာင်းကို အရင်လျှောက်ပြီးမှ  ကျောင်းမဖွင့်ခင် ခြောက်လလောက်ကြိုပြီး scholar support   လျှောက်ရမယ်လို့   ရေးထားပါတယ်။ နိုင်ငံခြားမှာ ကျောင်းတက်ဖူးရင် (မူအရ) လက်မခံပါဘူးတဲ့။  ဒါပေမဲ့ ခြွင်းချက်နဲ့ လက်ခံမယ်လို့ ယူဆရပါတယ်...။
 ကိုယ်နဲ့ ကိုက်မကိုက် သိရအောင်တော့ အောက်မှာ အသေးစိတ် ဖတ်ကြည့်ပေါ့နော် ...။
-------------------------------------------

Wednesday 20 February 2013

၂၀၁၄ ခုနှစ် ပညာသင်နှစ်အတွက် Australian Award Scholarship

Deadline:  30 April 2013

Australian Government ကပေးတဲ့ Australian Award Scholarship ကတော့ degree programme တခုဖြစ်တဲ့အပြင် လူတော်တော်များများ ခေါ်တဲ့အတွက် မြန်မာလူငယ်တွေကြားမှာ သိပ်ကို ရေပန်းစားပါတယ်။  ၂၀၁၄ ခုနှစ်အတွက် မြန်မာပြည်က လူပေါင်း၄၀ ခေါ်မယ်လို့  ကြေငြာထားပါတယ်။ အတွင်းသတင်းတွေအရ ၈၀အထိ တိုးခေါ်မယ်လို့လည်း ကြားထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ပေါ့နော့်..။

ဦးစားပေးရွေးချယ်မဲ့ field တွေကတော့ education, health, agriculture, food security), and governance (with a particular focus on economic governance) တို့ပဲဖြစ်ပါတယ်။  ကိုယ်သင်ခဲ့တဲ့ ဘာသာရပ် သို့မဟုတ် လက်ရှိလုပ်နေတဲ့ အလုပ်၊ ၀ါသနာ တို့နဲ့ ကိုက်ညီတဲ့ field  ကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။