Halo effect vs. Horn effect

လုပ်ငန်းခွင်မှာလည်း မန်နေဂျာအနေနဲ့ အများဆုံး သဘောတူလေ့ရှိတဲ့ (ဥပမာ-ကိုယ်တခုခု ပြောတိုင်း ခေါင်းတငြိမ့်ငြိမ့် အမူအယာ ပြုတတ်တဲ့) ၀န်ထမ်းတွေကို ပိုပြီး နှစ်လို သဘောကျ အမှတ်ပေးမိတတ်ပါတယ်။ တခါတရံလည်း သိပ်ပြီး ဥာဏ်ပြေးတဲ့ ၀န်ထမ်းတွေကို ပိုပိုကဲကဲ အထင်ကြီးတတ်ပြီး တခြား လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တဲ့ ပူးပေါင်းလုပ်ဆောင်မှု၊ ရိုင်းပင်းကူညီမှု၊ သတင်းအချက်အလက် ပေးပို့တတ်မှု၊ သစ္စာရှိမှု စတာတွေကို သုံးသပ်ဖို့ မေ့လျော့ နေတတ်ကြပါတယ်။
Horn effect ကတော့ Halo effect ရဲ့ ဆန့်ကျင်ဖက် ဖြစ်ပါတယ်။ ဥပမာ- စကားနှေးနှေး ပြောတတ်တဲ့ ၀န်ထမ်းကို ဥာဏ်သိပ်မပြေးဘူးလို့ သတ်မှတ်မယ်ဆိုပါစို့၊ အလုပ်ပိနေလို့ အစီရင်ခံစာ အချိန်မီ မတင်နိုင်တဲ့ ၀န်ထမ်းကို “ အလုပ် ပျင်းတယ်၊ အလုပ်ကို စိတ်ဝင်စားမှုနည်းတယ်” လို့ တခါတည်း ဆုံးဖြတ်မိမယ် ဆိုပါစို့။ နက်နက်ရှိုင်းရှိုင်းမလေ့လာဘဲ အပေါ်ယံလောက်နဲ့ မကောင်းမြင်မိတာမျိုးဟာ Horn effect သို့မဟုတ် Devil effect ၀င်နေတဲ့သဘောပါ။

Halo effect နဲ့ Horn effectက “အတွင်းစိတ်ဘက်လိုက်မှု” (cognitive bias ) ကို ဖြစ်စေတဲ့အတွက် မန်နေဂျာများ၊ HR ၀န်ထမ်းများအနေနှင့် အထူးသတိထားရန် လိုပါတယ်။
Halo effect နဲ့ Horn effect တွေကို စာသင်ခန်း၊ အလုပ်ခန်းတွေမှာသာမက တရားရုံးတွေမှာတောင် တွေ့နိုင်တယ် လို့ ဆိုပါတယ်။ ဥပမာ - တရားသူကြီးတွေက ခိုးမှုခြင်း အတူတူ ရုပ်ရည် သန့်ပြန့် တဲ့သူကို အပေအတေရုပ်နဲ့လူထက် အပြစ်ပေးတာ လျော့ပေါ့ မိတတ်ပါတယ် တဲ့။ ဒါပေမဲ့ လိမ်လည်မှုမျိုးမှာတော့ ရုပ်ရည်လှပပြေပြစ်တဲ့ အမျိုးသမီးတွေက ရုပ်မလှသူတွေထက် အပြစ်ပိုပေး တတ်ပါသတဲ့။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ ရုပ်ရည်ကို အသုံးချပြီး တဖက်သားကို လိမ်ညာ လှည့်စားခဲ့တယ်လို့ တထစ်ချ သတ်မှတ်လိုက်လို့ပါဘဲ..။
ဝန်ထမ်းရွေးချယ်ခြင်း (သို့မဟုတ်) မိမိ ၀န်ထမ်းကို အရည်အချင်းသုံးသပ်အကဲဖြတ် ရာမှာလည်း ဒီ effect တွေကို နည်းနိုင်သမျှနည်းစေဖို့ အတွက် သတ်မှတ်ထားတဲ့ ( performance indicator ) အားလုံးနဲ့ တိုင်ဆိုင် စစ်ဆေးရပါမယ်။ အဲဒီနောက် သတ်မှတ်ထားတဲ့ အမှတ်ပေးပုံစံအတိုင်း အဆင့် (သို့မဟုတ်) အမှတ်ကို တခုချင်း သတ်မှတ်ကာ နောက်ဆုံးအဖြေကို လက်တွေ့ကျကျ ခြုံငုံသုံးသပ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
မမိုးပွင့်
Ref:
http://www.joshuakennon.com/mental-model-horns-effect-and-halo-effect/
http://www.allthingsworkplace.com/2010/03/dont-let-halos-and-horns-blur-your-expectations.html
http://en.wikipedia.org/wiki/Halo_effect
No comments:
Post a Comment